မုံရွာမြို့၌ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်း၊ မီးငြှိမ်းသတ်နည်းများ သရုပ်ပြသခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများဆောင်ရွက်

မုံရွာ ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် မုံရွာမြို့နယ်အတွင်း မီးလောင်မှုမီးလန့်မူများမဖြစ်ပွားစေရေးနှင့် ပြည်သူများ မီးဘေးအသိ မီးဘေးသတိရှိနေစေရေးအတွက် အထူးအလေးထားကာ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်း၊ မီးငြှိမ်းသတ်နည်းများ သရုပ်ပြသခြင်း၊ လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို ယနေ့နံနက (၁၀) နာရီက  မုံရွာမြို့၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြို့နယ်အော်တိုအိတ်ချိန်းရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။ ဦးစွာ ဝန်ထမ်း (၂၀) ဦးအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်မိုအောင်က မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ တက်ရောက်လာသော ဝန်ထမ်း (၂၀ဦးအား မီးငြှိမ်းသတ်နည်းများကို သရုပ်ပြသဆောင်ရွက်ပေးကာ လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို ဝန်ထမ်းများနှင့်အတူ ပူး‌ပေါင်းဆောင်ရွက်ခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သောအဖွဲ့က အဆိုပါရုံးတွင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်ထားရှိမှုတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို အကြုံ‌ပြုပြောကြားခဲ့ကြောင်း သိရသည်။

မုံရွာမြို့နယ် မီးသတ်ဦးစီးမှူး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် မြို့ပေါ်ရပ်ကွက်များရှိ စာသင်ကျောင်းများ၊ ဈေးများ၊ ရုံးများ၊ လူနေအိမ်များတို့တွင်လည်း မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေတို့အား အရှိန်အဟုန်မြှင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)