ကန်ကြီးထောင့် ဖေဖော်ဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ အမှတ်(၃)ရပ်ကွက်ရှိ Xtra Power စက်သုံးဆီအရောင်းဆိုင်၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးစစ်ဆေးခြင်းနှင့်သရုပ်ပြလေ့ကျင်းမှုများအား ယနေ့နံနက်ပိုင်းက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုးမှ ဦးဆောင်၍သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ် လျှပ်စစ် ဖြန့်ဖြူးရေးလုပ်ငန်းတို့မှ ဝန်းထမ်းများပူးပေါင်းအဖွဲ့များက စက်သုံးဆီဆိုင်ရှိ မီးဘေး ကြိုတင်ကာကွယ်ရေး ပစ္စည်းများစစ်ဆေးခြင်း၊ ဆီသိုလှောင်ကန်များ စစ်ဆေးခြင်းနှင့် ဆီသယ်ယာဥ်များ စစ်ဆေးခြင်းတို့အားဆောင်ရွက်ခဲ့ကြသည်။
ထို့နောက်စက်သုံးဆီဆိုင်ရှိဝန်ထမ်းများအား စက်သုံးဆီဆိုင်တွင်မီးလောင်မှုများ ဖြစ်ပွားလာပါက လျင်မြန်စွာငြှိမ်းသတ်နိုင်ရေးနှင့် အနီးပတ်ဝန်ကျင်သို့ မီးမကူးစက်နိုင်ရန်အတွက် အအေးပေးစနစ်ဖြင့် အပူချိန်လျှော့ချခြင်း၊ Foam ဆေးအသုံးပြု၍လက်တွေ့ မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူး ဖြင့်လက်တွေ့ မီးငြှိမ်းသတ်ခြင်းများဆောင်ရွက်ခဲ့ပြီး မီးဘေးအသိပညာ ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ရာ စက်သုံးဆီအရောင်းဆိုင်ရှိ ဝန်ထမ်းများက စိတ်ပါဝင်စားစွာဖြင့် ပူးပေါင်းပါဝင် လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)