စစ်ကိုင်း ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းခရိုင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးစီးဌာနတို့ ပူးပေါင်း၍ ပန်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီ (၁၁) ရက် မွန်းလွဲပိုင်းက စစ်ကိုင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် စစ်ကိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးမြင့်အေးက အမှာစကားပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မိမိကျော်က လူငယ်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်ဝင်းရွှေက သဘာဝပတ်ဝန်းကျင်နှင့် သစ်တောသစ်ပင်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းဇော်က သဲကန္တာရတိုက်ဖျက်ရေးနှင့် ရာသီဥတုဖောက်ပြန်ယိုယွင်းမှု ဟန့်တားလျော့ချရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ကေဇင်စိုးက အမျိုးသမီးများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ခေါင်းစဉ်များဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဦးစီးချုပ်ရုံးမှပေးပို့သော သဲကန္တာရတိုက်ဖျက်ရေးနှင့် အသိပညာပေးဆောင်ရွက်မှု Video Clip အား ပြသပေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် စစ်ကိုင်းတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
စိုးသီဟ