မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲကျင်းပ

မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလား အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့မပြည်သူ့ဘောလုံးအားကစားကွင်း၌ ကျင်းပသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဦးမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီးနောက် အားကစားသမားများက အားကစားသစ္စာ အဓိဌာန် (၄) ချက်ရွတ် ဆို၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အားကစား သမားများအား ရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံကာ အ.ထ.က (၂) ဘင်ခရာအဖွဲ့နှင့် ပန်းပွား အဖွဲ့တို့က “မြန်မာ့အားကစား “သီချင်းနှင့် “မန္တလေးကိုလာဦးမည်” သီချင်းတို့ဖြင့် ပန်းပွား အကများဖြင့် ကပြဖျော်ဖြေခဲ့ပြီး အဆိုပါအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများချီးမြှင့် ပေးအပ်ခဲ့သည်။ ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နှင်းမိုးလှိုင်က မြို့နယ်ဘောလုံးဆပ်ကော်မတီသို့‌ ဘောလုံးများပေးအပ်ခဲ့ပြီး အခမ်းအနားအားအောင်မြင်စွာဖွင့်လှစ်ခဲ့သည်။

အဆိုပါ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲဝင်များ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နှင်းမိုးလှိုင်နှင့် ဖိတ်ကြားထေားသော ဧည့်သည် တော်များတက် ရောက်ခဲ့ကြပြီး ၎င်းဘောလုံးပြိုင်ပွဲတွင် ဌာနဆိုင်ရာ၊ ရပ်ကွက်၊ ကျေးရွာပေါင်းစုံမှ အားကစားသမားများပါဝင်သည့် အသင်း (၁၆)သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဖွင့်ပွဲအဖြစ် (၅)ရပ်ကွက် အသင်းနှင့် 10-Brother  အသင်းတို့စတင်ယှဉ်ပြိုင် ကစားမည်ဖြစ် ကြောင်းသိရသည်။

ရဲကိုမောင် (ပြန်/ဆက်)