ဟုမ္မလင်း ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်ဖြင့် ကာယစွမ်းရည်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ဟုမ္မလင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မူကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမူကြိုကျောင်းမှ ကြီးမှူးကျင်းပ၍ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ်အဖြင့် အိပ်စွပ်ခုန်၊ ဘောလုံးညှပ်၊ ထိုင်ခုံလု၊ မုန့်ကိုက်၊ လွန်ဆွဲ၊ သနပ်ခါးလူး စသည် ပျော်ပွဲရွှင်ပွဲကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက်ဆုရရှိသည့် သားငယ်/သမီးငယ်များအား ဟုမ္မလင်းမြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဒုံးစေ့နှင့် အဖွဲ့ဝင်များက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြပြီး၊ သားငယ်/သမီးငယ်များအား အာဟာရထမင်းဟင်းကျွေးမွေးခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)