ပခုက္ကူ ဖေဖော်ဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အဆင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး(OCV) တိုက်ကျွေးခြင်းဆိုင်ရာ အသိပညာပေးရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အသိပညာပေးရှင်းလင်းပွဲတွင် ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးက အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူမြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝေဝေဦးက မြို့နယ်အဆင့်ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးတိုက်ကျွေးမည့်ရည်မှန်းအသက်အုပ်စုနှင့် ဦးစားပေးတိုက်ကျွေးမည့် လုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပခုက္ကူမြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝင်းသူရမြင့်က မြို့နယ်အဆင့်ကာကွယ်ဆေးတိုက်ကျွေးမည့်နေရာများနှင့် လူဦးရေသတ်မှတ်ချက်များအကြောင်းတို့ကို ရှင်းလင်းတင်ပြရာတက်ရောက်လာသည့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များမေးမြန်းကာ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)