ကမမောင်းမြို့၌ KG တန်း ကလေးငယ်များအား ကျောင်းတွင်းအာဟာရများကျွေးမွေး

ကမမောင်း ဖေဖော်ဝါရီ ၁၄

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် KG တန်း ကလေးငယ်များအား ပထမအကြိမ် ကျောင်းတွင်းအာဟာရများကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ အ​​​​ခြေခံပညာအလယ်တန်း ကျောင်းခွဲ(၁)နှင့် ​အခြေခံပညာ မူလတန်း(မိဇိုင်း) ကျောင်းများ၌ ဆောင်ရွက်ခဲ့သည်။

 အဆိုပါ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ကမမောင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန်းလင်း၊ ကမမောင်းမြို့ တိုက်နယ်ဆရာဝန် ဒေါက်တာဆုရဲထက်၊ မြို့နယ်ပညာရေးမှူး ဦးဇော်ဝင်းလှိုင်တို့ဦးဆောင်၍ ကျောင်းအုပ်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများက အ.လ.က(ခွဲ)၁မှ ၄၃ဦး၊ အ.မ.က(မိဇိုင်း)မှ ၃၃ ဦးတို့၏ အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်သော နေ့လယ်စာ စားသုံးနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ကမမောင်း(ပြန်/ဆက်)