ရေနံချောင်း မူလတန်းကြိုကျောင်း၌ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် နိဗ္ဗာန်ဈေးပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပ

ရေနံချောင်း ဖေဖော်ဝါရီ ၁၄

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ်အဖြစ် နိဗ္ဗာန်ဈေးပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ရေနံချောင်းမူလတန်းကြိုကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ရေနံချောင်းမူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ပပအုန်းက မြန်မာနိုင်ငံကလေးများနေ့ကျင်းပရခြင်းကို သားငယ်သမီးငယ်လေးများနှင့် မိဘအုပ်ထိန်းသူများ သိရှိစေရန် ရှင်းလင်းပြောကြားပြီး မူကြိုသားငယ်/သမီးငယ်လေးများက မြန်မာနိုင်ငံကလေးများနေ့သီချင်း၊ ကဗျာများသီဆိုဖွင့်လှစ်သည်။ ထို့နောက် ပျော်ပွဲရွှင်ပွဲများအဖြစ် အကပဒေများ၊ အားကစားပြိုင်ပွဲများနှင့် နိဗ္ဗာန်ဈေးပွဲတော်ကို ဆက်လက်ကျင်းပရာ မိဘအုပ်ထိန်းသူများက အဖွဲ့(၁၅)ဖွဲ့ဖြင့် တစ်ဖွဲ့လျှင် ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦးကျော်စာအတွက် ပစ္စည်းတစ်မျိုးစီကို တစ်ဦးချင်းဝေငှပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)