လိပ်သိုဒေသတွင် တံမြက်စည်းရိုးတံများ၊ အိမ်သုံးတံမြက်စည်းချောများ ချိုးယူပြုလုပ်ရောင်းချခြင်းဖြင့် အပိုဝင်ငွေများရရှိ

လိပ်သို   ဖေဖော်ဝါရီ  ၁၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ တောတောင်များ၊ ဥယျာဉ်ခြံများ၊ လမ်းဘေးဝဲယာများနှင့် တောင်ယာခင်းများဘေးတွင် သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသော တံမြက်စည်းပင်များကို ဒေသနေပြည်သူများက ချိုးယူပြီး အစိုအတိုင်း ရောင်းချခြင်း၊ တံမြက်စည်းများ ပြုလုပ်ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိလျက်ရှိနေကြောင်း သိရသည်။

ဒေသတွင်းရှိ ဝယ်လက်များက လမ်းခရီးအခြေအနေနှင့် သယ်ယူပို့ဆောင်မှု အခြေအနေပေါ်မူတည်၍ ဈေးနှုန်းအမျိုးမျိုး သတ်မှတ်ဝယ်ယူကြပြီးတောင်ငူမြို့ရှိ အဝယ်ဒိုင်များသို့ ပို့ဆောင်ရောင်းချလျက်ရှိကာ တောင်ငူမြို့နယ်မှ တံမြက်စည်း ပြုလုပ်ရောင်းချသူများ ကလည်း မော်တော်ဆိုင်ကယ်များဖြင့် မိမိတို့လိုအပ်သည့် အရွယ်အစားများကို တောင်ပေါ်ဒေသကျေးရွာများသို့တိုင် လာရောက်ရွေးချယ် ဝယ်ယူလျက်ရှိကြကြောင်း သိရသည်။

အိမ်သုံးတံမြက်စည်းများ ပြုလုပ်ရောင်းချရာတွင် အရည်အသွေးနှင့် ခိုင်ခံ့မှုပေါ်မူတည်၍ (၂၀၀ဝိ/-) ကျပ်မှ(၃၀၀ဝိ/-)ကျပ်အထိ ရောင်းချရကြောင်း တာရှည်ခံအောင် ကောင်းမွန်ခိုင်ခံ့စွာ ပြုလုပ်ထားသော တံမြက်စည်းများကို သုံးစွဲသူတို့က (၅၀၀ဝိ/-)ကျပ်အထိ ဈေးပေးကာ ဝယ်ယူအသုံးပြုလျက်ရှိကြကြောင်း သိရသည်။

ခင်လေးနွယ်