သံတောင်ကြီး ဖေဖော်ဝါရီ ၁၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဌာနဆိုင်ရာများ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်က ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ပါက ပေါင်းစပ်ဆောင်ရွက်ကြရန်၊ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သောကြောင့် ရုံးတွင်း ရုံးပြင်သန့်ရှင်းရေးဆောင်ရွက်ကြရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရန်၊ မိမိလုံခြုံရေး၊ ရုံးလုံခြုံရေးအထူးဂရုစိုက်ကြရန်၊ အခြေခံပညာကျောင်းများတွင် ပြုလုပ်မည့် အစိုးရစစ်စာမေးပွဲနှင့်တက္ကသိုလ်ဝင်တန်းစာမေး၌ ပွဲဖြေဆိုသည့်အခါ ဌာနဆိုင်ရာများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ မြို့တွင်းသန့်ရှင်း သာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ကြရန်၊ ဌာနဆိုင်ရာများအနေဖြင့်လုပ်ငန်းများ စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် စသည့် အကြောင်းအရာများအားဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်နေမှုများ၊ ဆောင်ရွက်မည့်အစီအစဉ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
နော်နော်မူ