ပခုက္ကူမြို့ မူလတန်းကြိုကျောင်း၌ (၁၁၀)နှစ်ပြည့် မြန်မာနိုင်ငံကလေးများနေ့အခမ်းအနား ကျင်းပ

ပခုက္ကူ ဖေဖော်ဝါရီ ၁၃

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ပခုက္ကူခရိုင် လူမှုဝန်ထမ်းဦးစီးဌာနကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က (၁၁၀)နှစ်ပြည့် မြန်မာနိုင်ငံကလေးများနေ့အခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပခုက္ကူခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာဦးက အဖွင့်အမှာစကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူ ရင်သွေငယ်လေးများက ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများနှင့် ကလေးကဗျာများရွတ်ဆိုခြင်း၊ ကလေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခြင်းများ ကျင်းပပြုလုပ်ခဲ့ကြသည်။

ထို့နောက် ပခုက္ကူမြို့ မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူရင်သွေးငယ် ၁၅၀ ဦးအား တာဝန်ရှိသူများက ကလေးငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပြုစုပျိုးထောင်နည်းစာအုပ်စာစောင်များ ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)