လိပ်သိုမြို့ ကျောင်းကုန်းကျေးရွာတွင် လုဒ်မယ်တော်သခင်မပွဲ ပြုလုပ်ကျင်းပ

လိပ်သို ဖေဖော်ဝါရီ ၁၃

တောင်ငူကက်သလစ်သာသနာ၊ လိပ်သိုတိုက်နယ်၊ ကျောင်းကုန်းကျေးရွာတွင် လုဒ်မယ်တော်သခင်မပွဲကို ဖေ​ဖော်ဝါရီလ (၁၁) ရက်နေ့က စတင်ပြုလုပ်ကျင်းပခဲ့ရာ ဘုန်းတော်ကြီး Fr. အားတင်နှင့်အတူ ကျေးရွာတွင်းရှိ ကက်သလစ်ဘာသာဝင်များက စုပေါင်း ပါဝင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါနေ့ မွန်းလွဲ (၃) နာရီအချိန်မှ စတင်၍ လုဒ်မယ်တော်သခင်မအား ကျေးရွာအတွင်းသို့ ပင့်ဆောင်ကာ အန္တရာယ်ကင်း စီတန်းလှည့်လည် ဆုတောင်းခဲ့ကြပြီး မယ်တော်ဂူရင်ပြင်တွင် ကျန်းမာခြင်းမစ္ဆားတရားတော်မြတ်ကို ခံယူဝတ်ပြုခြင်း၊ ကိုယ်တော်မြတ်ပင့်ခြင်း၊ ညပိုင်းတွင် စိပ်ပုတီးစိပ် ဝတ်ပြုဆုတောင်းခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

ဆက်လက်၍ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ နံနက်ပိုင်း၌ မယ်တော်သခင်မ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရခြင်း ဘုရားရှိခိုးကျောင်းတွင် ကျေးဇူးတင်မစ္ဆားတရား တော်မြတ်ကို အတူတကွ ခံယူဝတ်ပြုဆုတောင်းခြင်း၊ ဓမ္မတေးသီချင်းများ သီဆိုကျူးဧခြင်း၊ ကိုယ်တော်မြတ်ပင့်ခြင်း၊ ဆုတောင်းကောင်းချီးပေးခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ်