ပိုင်ကျုံ ဖေဖော်ဝါရီ ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ပြည်သူ့စာကြည့်တိုက်၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်များ ပြသခြင်းနှင့် ပြိုင်ပွဲများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၏ နောက်ခံသမိုင်းအကြောင်းများ၊ ပြည်ထောင်စုစိတ်ဓာတ်များ၊ စည်းကမ်းရှိပြီး လူတော်လူကောင်းဖြစ်စေရေးစသော အကြောင်းအရာများကို ဆွေးနွေးပြောကြားပြီး ပြည်ထောင်စုနေ့နှင့် ပတ်သက်သော ပန်းချီပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများတွင် ကျောင်သားလူငယ်များတို့မှ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသားလူငယ်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)