သရက်ချောင်းမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံအလေးပြုခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

သရက်ချောင်း ဖေ‌ဖော်ဝါရီ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံအလေးပြုခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က သရက်ချောင်းမြို့နယ်၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်အလံအား အခမ်းအနားသို့တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သက်ထူးနှင့် အဖွဲ့ဝင်များ၊ သရက်ချောင်းမြို့နယ်
တပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူး သန့်ဇင်ထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌဒေါ်မြတ်စုဝင်းနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ရပ်မိ/ရပ်ဖများ၊တိုင်းရင်းသား/သူလေးများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/မများနှင့် ကျောင်းသား/သူများက စုပေါင်းညီညာစွာ ဦးညွှတ်အလေးပြုကြသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ပေးပို့လာသော (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာအား သရက်ချောင်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သက်ထူးက ဖတ်ကြားသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားအားကျင်းပရာ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့
အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်အတန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသော ကျောင်းသား/သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုချီးမြှင့်ခြင်း၊ အထက-သရက်ချောင်းမှ ကျောင်းသား/သုများက "ပြည်ထောင်စုအလံ တို့ကြိုမည်"သီချင်းဖြင့် သီဆို‌ဖျော်ဖြေခြင်း၊ "ပြည်ထောင်စုသွေး တေးသီချင်း"ဖြင့် ကပြဖျော်ဖြေခြင်း၊ "ပြည်ထောင်စုကြီး ငြိမ်းချမ်းပါစေ"သီချင်းဖြင့် ကပြဖျော်ဖြေကာ အခမ်းအနားရုတ်သိမ်းလိုက်ပြီးနောက် တက်ရောက်လာများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက (၇၈) နှစ်မြောက်ပြည်‌ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် တာဝန်ရှိသူများက တိုင်းရင်းသား/သူလေးများနှင့် အမှတ်တရမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့‌ကြောင်းသတင်းရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)