ဖြူးမြို့နယ် (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံ၌ ဥပဒေအသိပညာပေး ဟောပြောပွဲပြုလုပ်

ဖြူး ဖေဖော်ဝါရီ ၁၁

ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် တောင်ငူခရိုင်၊ ဖြူးမြို့နယ် (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံ၌ ဥပဒေအသိပညာပေး   ဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်မှ စတင်ကာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဖြူးမြို့နယ် (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်စိုးလက်မီက အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ဖြူးမြို့နယ်ဥပဒေအရာရှိ ဒေါ်ပိုးဖြူကျော်မှ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာဥပဒေမှ သိမှတ်ဖွယ်ရာများနှင့် နိုင့်ငံ့ဝန်ထမ်းဥပဒေခေါင်းစဥ်များဖြင့် အသိပညာပေး ဟောပြောသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ရေတာရှည်မြို့နယ် (၁၆)ကုတင့်ဆံ့ တိုင်းရင်းဆေးရုံနှင့် ဖြူးမြို့နယ်(၁၆)ကုတင်ဆံ့တိုင်းရင်းဆေးရုံတို့မှ ဆေးရုံအုပ်နှင့် ဝန်ထမ်းများ၊ တောင်ငူခရိုင်တိုင်းရင်းဆေးကုဌာနမှ ဝန်ထမ်းများ၊ ဖြူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)