ပြည် ဖေဖော်ဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် ဂန္ဓမာစက်မှုဇုန်ရှိ စက်ရုံ၊ အလုပ်ရုံများအား မီးလောင်မှုမဖြစ်ပေါ်စေရေးအတွက် မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြည်မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူနှင့်တပ်ဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်သည်။
မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီမှူးဦးကျော်လင်းစိုးက အဆိုပါစက်မှုဇုန်ရှိ စက်ရုံ၊ အလုပ်ရုံများမှ လုပ်ငန်းရှင်၊ မန်နေဂျာနှင့်ဝန်ထမ်းများအား နွေရာသီရောက်ရှိလာပြီဖြစ်၍ မီးလောင်မှုမဖြစ်ပေါ်ရေး အထူးဂရုပြုဆောင်ရွက်ကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးအကြံပြုချက်များကို ဆွေးနွေးပြောကြားပြီး တပ်ဖွဲ့ဝင်များက စက်ရုံ၊ အလုပ်ရုံများ၏ လျှပ်စစ်မီးကြိုးများသွယ်တန်းထားမှုအခြေအနေ၊ မီးချိတ်/မီးကပ်၊ သဲပုံး/ရေပုံး၊ မီးသတ်ဆေးဘူးများ စနစ်တကျချိတ်ဆွဲထားရှိမှုရှိ/မရှိ အခြေအနေနှင့် စက်ရုံသုံးကုန်ကြမ်းပစ္စည်းများသိုလှောင်ထားရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကာ ပြုပြင်ရန်လိုအပ်သည်များကို ဆောင်ရွက်ရန်မှာကြားခဲ့ပြီး ပြည်မြို့ဂန္ဓမာစက်မှုဇုန်တွင် ဆန်စက်၊ ဆီစက်၊ အထညမချုပ်နှင့် MSMEsလုပ်ငန်းများအပါအဝင် စက်ပစ္စည်းနှင့် အထွေထွေသုံးကုန်ထုတ် စက်ရုံ/အလုပ်ရုံ စုစုပေါင်း ၁၃၅ ရုံရှိကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)