ဒိုက်ဦး ဖေဖော်ဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အမှတ် ၉ ရပ်ကွက် သိရိမင်္ဂလာမှန်ကျောင်းရှိ မင်္ဂလာသီရိဓမ္မဗိမာန်တော်ကြီး၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ဒိုက်ဦးမြို့နယ်သံဃာ့နာယကအဖွဲ့ဝင်များ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင်အစည်းအဝေးကျင်းပခဲ့သည်။
အစည်းအဝေးတွင် သဘာပတိဆရာတော် တင်မြှောက်ပြီးနောက် “နမောတဿ” သုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးဖွင့်လှစ်ခဲ့သည်။ ထို့နောက် သဘာပတိဆရာတော် ပဲခူးမြို့သပြေကုန်းဘိုးဘွားရိပ်သာဆရာတော် ဘဒ္ဒနမုလိန္တက အစည်းအဝေးဖွင့် သြဝါဒကထာမြွက်ကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးက သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။
ဆက်လက်၍ အခမ်းအနားမှူးဆရာတော်က အနားယူခြင်းဆိုင်ရာလုပ်ငန်းစီမံချက်အရ အနားယူသောဆရာတော်များ၏ ဘွဲ့အမည်စာရင်းကို ကြေညာပေးခဲ့သည်။ ယင်းနောက် ပြန်လည်ရွေးချယ်ခြင်းဆောင်ရွက်ပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
မြို့နယ်(ပြန်/ဆက်)