ကော့သောင်းမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်ပြပွဲများဆောင်ရွက်

ကော့သောင်း ဖေဖော်ဝါရီ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ် မြောက်ပြည်‌ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စု‌‌နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲများ ဆောင်ရွက်ခြင်းကို ယနေ့‌မွန်းလွဲပိုင်းက ကော့သောင်းမြို့၊‌ အ-လ-က(အေးရိပ်ငြိမ်)ကျောင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မြန်မာနိုင်ငံ၏ သမိုင်းဝင်နေ့ထူးနေမြတ်တစ်ရက်ဖြစ်သည့် ပြည်‌ထောင်စုနေ့ဖြစ်‌ပေါ်လာပုံ၊ ပင်လုံစာချုပ် ချုပ်ဆိုခဲ့ကြသူများ၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှုများ၊ မြန်မာ့လွတ်လပ် ရေးကာလတစ်လျှောက်ချုပ်ဆိုခဲ့သော စာချုပ်များနှင့် ဗဟုသုတဖြစ်ဖွယ် ပြည်ထောင်စုနေ့ဆိုင်ရာ သမိုင်းကြောင်းများကို ဟောပြောခဲ့သည်။

ယင်းနောက် အသိပညာပေးနံရံကပ်၊ဓာတ်ပုံပြပွဲများဆက်လက်ပြသရာ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းနှင့် ပင်လုံစာချုပ် ချုပ်ဆိုခဲ့ကြသူများ၊ သိမှတ်ဖွယ်ရာဗဟုသုတများ၊ လွတ်လပ်ရေးကြိုးပမ်းခဲ့သည့် သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ၊ ပြည်ထောင်စုနေ့ကဗျာများပါဝင် ပြီး အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ‌နေ့ထူးနေ့မြတ်များအကြောင်းကို သိရှိစေရန်၊လွတ်လပ်ရေးကို အဓွန့်ရှည်တည်တံ့ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြတ်ရေးတို့ကို အစဉ်မျှော်တွေး၍ အဆိုပါနံရံကပ်စာ‌စောင်၊ ဓာတ်ပုံပြပွဲများ ဆောင်ရွက်ခြင်းဖြစ်ပြီး ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)