အင်္ဂပူမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်တုန်းလဲကျေးရွာမျိုးဆက်သစ် ကိုယ်အားကိုယ်ကိုးစာကြည့်တိုက်ဖွင့်ပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ပွဲပြုလုပ်

အင်္ဂပူ ဖေဖော်ဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ညောင်ကျိုးဒေသ၊ ညောင်တုန်းလဲကျေးရွာမျိုးဆက်သစ် ကိုယ်အားကိုယ်ကိုးစာကြည့်တိုက် မင်္ဂလာမဏ္ဍပ်တွင် ယနေ့နံနက်ပိုင်းက(၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် "မျိုးဆက်သစ်" ကိုယ်အားကိုယ်ကိုးစာကြည့်တိုက်ဖွင့်ပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး၊‌ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဇံက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီသီရှိန်က စာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် စာဖတ်ရှိန်မြှင်တင်ရေးလုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဒေါက်တာဌေးဝင်းက စာကြည့်တိုက်ပေါ်ပေါက်လာပုံနှင့် စာကြည့်တိုက်ရေရှည်တည်တံ့ရေးနှင့် ရှင်သန်ခိုင်မာရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး အလှူရှင်များမှ စာကြည့်တိုက်အတွက် အလှူငွေများကိုပေးအပ်ရာ စာကြည့်တိုက်ကော်မတီဝင်တစ်ဦးမှ လက်ခံရယူခဲ့သည်။ ထို့နောက် စာကြည့်တိုက်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ခေတ္တမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဇံ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီသီရှိန်၊ စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ‌ ဒေါက်တာဌေးဝင်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကြသည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ဧည့်သည်တော်များမှ စာကြည့်တိုက် ကဗ္မည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီး စာကြည့်တိုက်အတွင်း လှည့်လည်ကြည်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဇံ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီသီရှိန်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊‌‌ စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးဌေးဝင်းနှင့် ကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊‌ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများတက်‌ ရောက်ခဲ့သည်။"မျိုးဆက်သစ် "ကိုယ်အားကိုယ်ကိုးစာကြည့်တိုက် အဆောက်အဦမှာ အလျား-၂၇‌‌ ပေ၊ အနံ-၂၇ ပေရှိ RC-တစ်ထပ်အမျိုးအစားဖြစ်ပြီး ကျပ်သိန်း ၂၂၀ ကုန်ကျခဲ့‌ကြောင်းနှင့် စာကြည့်တိုက်အား အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် စနေ၊ တနင်္ဂနွေများတွင် ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)