ချောက်မြို့၌ “မူးယစ်ဆေးဝါးအန္တရာယ်” အသိပညာပေးဟောပြောပွဲ ကျင်းပ

ချောက် ဖေဖော်ဝါရီ  ၁၁

မကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့၌ အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ “လူငယ်နှင့်မူးယစ်အန္တရာယ်” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က အ.ထ.က(၄)​​ အေးစေတီကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် အ.ထ.က(၄)အေး‌‌စေတီကျောင်း၊ ကျောင်းအုပ်ဆရာမကြီး​ ဒေါ်‌မြင့်မြင့်‌မော်က အဖွင့်အမှာစကား​ပြောကြား​ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက “လူငယ်နှင့်မူးယစ်အန္တရာယ်” ခေါင်းစဥ်ဖြင့် မူးယစ်​ဆေးဝါးအမျိုးမျိုး၊ မူးယစ်​​ဆေးဝါးသမိုင်းကြောင်း၊ မူးယစ်​ဆေးဝါးအန္တရာယ် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲရခြင်းအ​ကြောင်းအရင်းများနှင့် မူးယစ်​ဆေးဝါးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများကိုလည်း​ကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဒေါ်မြတ်မြတ်မိုးက “ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြရေးနှင့် စား​သုံးရန်မသင့်​သောအစားအစားများ” အကြောင်းကိုလည်းကောင်း၊ မြို့နယ်‌ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာအကြောင်းများကိုလည်းကောင်း အသီးသီးဟော​ပြောခဲ့ကြသည်။

​ထို့​နောက် မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ၀န်ထမ်းများက ကျောင်းသား​၊ ကျောင်းသူများအား (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာ‌စောင်များ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ အသိပညာပေးဟော‌‌ပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမ၊​ ကျောင်းသား​၊ ကျောင်းသူများ စုစု​ပေါင်း(၂၅၀)ဦး တက်​ရောက်ခဲ့​ကြောင်း သိရသည်။

ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက ​အ.ထ.က(၄) အေးစေတီကျောင်းအတွင်း ရောင်းချသော မုန့်စျေးတန်းရှိမုန့်ဆိုင်များအား စားသုံးသူအန္တရာယ်ကင်းရှင်း​​စေ​ရေးစစ်​ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ​ဖော်ပြမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)