အောင်လံမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

အောင်လံ ဖေဖော်ဝါရီ ၁၁

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၁ နာရီက အောင်လံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဖြန့်ဝေခဲ့သည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၅ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ “စည်းလုံးခြင်းအင်အား တိုင်းပြည်အကျိုးစီးပွား”၊ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသူများ၊ ဘိုမျိုး(ရွှေဘို)ရေးသားထားသည့် “ပြည်ထောင်စုကို ကာကွယ်စို့” ဟူသော ကဗျာ/ဆောင်ပုဒ်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက်များ၊ တိုင်းပြည်သာယာဝပြောဖို့ ငြိမ်းချမ်းရေးကို တည်ဆောက်စို့ဟူသော ဆောင်ပုဒ်များ၊ “တို့ပြည်ထောင်စုတိုင်းရင်းသားများ ညီညွတ်စွမ်းအား ပြည့်ခွန်အား” စသည့် အကြောင်းအရာများ၊ ဆောင်ပုဒ်များ၊ ကာတွန်း သရုပ်ပြပုံများ၊ မှတ်တမ်း ဓာတ်ပုံများ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများပါဝင်ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)