မြဝတီမြို့ မြို့မကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၏ မူလတန်းကြိုပြီးမြောက်ကြောင်း လက်မှတ်ချီးမြှင့်ပွဲ ကျင်းပ

မြဝတီ ဖေဖော်ဝါရီ ၁၁

ကရင်ပြည်နယ်၊  မြဝတီခရိုင်  လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ  မြို့မကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၏ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် မူလတန်းကြိုပြီးမြောက်ကြောင်း လက်မှတ်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်    နာရီက အမှတ်(၄) ရပ်ကွက်၊ ပညာရွှေဖူးကိုယ်ပိုင် အလယ်တန်းကျောင်း၌  ကျင်းပခဲ့သည်။

ဦးစွာ မြဝတီခရိုင်  စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိန်သောင်းက အဖွင့်အမှာစကားပြောကြားပေးပြီး ကျောင်းသား၊ ကျောင်းသူလေးများက “ဘက်စုံပညာရည်တို့လှမ်းချီ” တေးသီချင်းသီဆိုဖျော်ဖြေခဲ့ကြပြီး မူလတန်းကြို ပြီးမြောက်ကြောင်းလက်မှတ် ချီးမြှင့်ပွဲကျင်းပခဲ့ရာ မြဝတီခရိုင်စီမံအုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးစိန်သောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၂)ဦးအောင်မျိုးထွန်း၊ ခရိုင်ပညာရေးမှူး ဦးသန်းဆွေဦး၊ မြို့မကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း တည်ထောင်သူနာယက ဦးသန်းရွှေ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ကျောင်းအုပ်ကြီးများနှင့်  ဖိတ်ကြားထားသော ဧည့်သည်တော်များက ကျောင်းသား၊ ကျောင်းသူ၁၀၉ ဦးတို့အား တစ်ဦးချင်းအလိုက် ချီးမြှင့်ပေးသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများ၏ ပြည်မြန်မာတေးသီချင်း၊ တေးသံသာများ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ပေးမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)