မြဝတီခရိုင်၌ (၇၈)နှစ်မြောက်  ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

မြဝတီ ဖေဖော်ဝါရီ ၁၁

၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ကရင်ပြည်နယ်၊  မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်   ရဲရင့်ယဉ်ကျေး လိမ္မာဓမ္မစကူးလ်သင်တန်းတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသိရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့ မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေးဟောပြောပွဲနှင့် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပခဲ့သည်။

ဦးစွာ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး   ဒေါ်မာမာရီက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ဟောပြောပေးပြီး ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပေးခဲ့ရာ  စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား၊  ကျောင်းသူ ၁၀ ဦး၊ စကားပုံဆက်ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၁၂ ဦးနှင့် ပင်ပေါင်ဘောလုံး ကစားနည်းပြိုင်ပွဲ တွင် ကျောင်းသား၊  ကျောင်းသူ ၁၀ ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးသည်။

ထို့နောက် အသိပညာဗဟုသုတရရှိစေမည့် ပြည်ထောင်စုနေ့အထိမ်းအမှတ်   မှတ်တမ်းဓာတ်ပုံများ၊ အခြားအသိပညာပေး  နံရံကပ်ပြဘုတ်များ  ခင်းကျင်းပြသပေးထားရာ ကျောင်းသား၊  ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)