စလင်း ဖေဖော်ဝါရီ ၁၁
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့၊ နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ကျောင်းသူကလေးငယ်များအား အသိပညာပေးဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ၂၀၂၅ ခုနှစ်(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဖော်ဆောင်စည်းလုံးခြင်းအင်အား တိုင်းပြည်အကျိုးစီးပွားပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသူများ၊ ဘိုမျိုး(ရွှေဘို)ရေးသားသည့် ပြည်ထောင်စုကာကွယ်စို့ ကဗျာ၊ကာတွန်းများကိုဝေဝေဆာဆာထည့်သွင်းရေးသားဖော်ပြပါရှိသည်။
သတင်းစကားလက်ကမ်းစာစောင်များကို ဗဟုသုတရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့်လက်ကမ်းစာစောင်များကို ဆရာ၊ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
(မောင်လွင်)စလင်း