မင်းလှမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

အထက်မင်းလှ ဖေဖော်ဝါရီ ၁၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်ပပြုလုပ်ခြင်းကို ယနေ့နံနက် (၈)နာရီက မြို့နယ်အားကစားကွင်းနှင့် လွတ်လပ်ရေးကျောက်တိုင်ကွင်းတို့တွင် ကျင်းပခဲ့သည်။

 (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပပြုလုပ်ရာတွင် မူလတန်းအဆင့် ပြေးခုန်ပြစ် မီတာ(၅၀)အိတ်စွပ်ပြေး(ကျား/မ)ပြိုင်ပွဲ၊ မူလတန်းအဆင့် ပူပေါင်းဖောက်ပြေး(ကျား/မ)ပြိုင်ပွဲ၊ အလယ်တန်းအဆင့် ပြေးခုန်ပစ်မီတာ(၁၀၀) ကျား/မပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများ ကျင်းပခဲ့သည်။

မူလတန်းအဆင့် အလယ်တန်းအဆင့် ပြေးခုန်ပစ်၊ ပူးပေါင်းဖောက်၊ အိတ်စွပ်ပြေးပြိုင်ပွဲများ တွင် အ‌ခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူ(၁၆၆)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး၊ ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲများတွင် အခြေခံပညာကျောင်းများမှ အသက်(၂၅)နှစ်အောက် အသင်း(၆)သင်းတို့မှ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

အဆိုပါပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်သည့်ပြိုင်ပွဲဝင်များမှ ဆုရရှိသူများကို ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)