(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ပြည်ကြီးမဏ္ဍိုင် ဖေဖော်ဝါရီ  ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နေ့လယ် ၁၁ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက ကျောင်းသား/ ကျောင်းသူများအနေဖြင့် အသိပညာဗဟုသုတတိုးပွားစေရန်၊ အကျင့်စာရိတ္တကောင်းမွန်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ  ကြွယ်ဝလာစေရန် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊  မြန်မာနိုင်ငံ၏ သမိုင်းဝင် နေ့ထူးနေ့မြတ်အကြောင်းသိရှိစေရန်၊ လွတ်လပ်ရေးကို အဓွန့်ရှည်တည်တံရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား/ သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)