အုတ်တွင်း ဖေဖော်ဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းအမှတ်စဥ်(၁/၂၀၂၅)ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၉၈) စက်မှုလယ်ယာစခန်း၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်း ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဟိန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် စက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှုများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းသို့ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား(၃၀)ဦး တက်ရောက်ခဲ့သည်။ ဆက်လက်၍ သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများကို ဌာနဆိုင်ရာတာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှ ဖေဖော်ဝါရီ ၂၁ ရက်နေ့ထိ ၁၂ ရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိထံမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)