ကျောက်ကြီးမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကျင်းပ

 ကျောက်ကြီး ဖေဖော်ဝါရီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် မေတ္တာရပ်ကွက်ရှိ အခြခံပညာအလယ်တန်းကျောင်းခွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်းပြီး (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

 အခမ်းအနားကို ကျောက်ကြီးမြို့နယ် ဒုတိယမြို့နယ် ပညာရေးမှူး တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်း သိကောင်းစရာများ၊ ယနေ့ကျောင်းသားလူငယ်များအား ပြည်ထောင်စုနေ့နှင့် ပတ်သက်ပြီး သိသင့်သိထိုက်သည်များ ဟောပြောခဲ့ပြီး၊ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို နံရံကပ်ပိုစတာများပြသခြင်း၊ စာအုပ်စာစောင်များ ပြသ ဖတ်ရှုစေခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ရုံးဝန်ထမ်းများ၊ ဒုတိယမြို့နယ် ပညာရေးမှူး၊ မေတ္တာရပ်ကွက်ရှိ အခြခံပညာ အလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ (၁၀၀)ဦးခန့် တက်ရောက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသသည့် နံရံကပ်ပိုစတာများနှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)