ပိုင်ကျုံ ဖေဖော်ဝါရီ ၁၁
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာအုပ်စုရှိ အ.မ.က လော်စောဒေးကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ထူးချွန်စွာဖြေဆိုအောင်မြင်သည့် ကျောင်းသား/ သူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို ကျောင်းသား/ သူများက မြတ်ဆရာ တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး အ.ထ.က ပိုင်ကျုံကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက မိဘ၊ ဆရာပူးပေါင်း ကလေးပညာကောင်း၊ ကလေးများပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်ရေးအတွက် မိဘများ ဝိုင်းဝန်း ဆောင်ရွက်ရန် စသောအကြောင်းများကို အမှာစကားပြောကြားခဲ့သည်။ ထိုနောက် မိုးနိုင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးက မိမိရပ်ရွာရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံများ လုပ်ဆောင်မှသာ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ အခမ်းအနားဖြစ်မြောက်ရေးအတွက် ငွေအား၊ လူအားဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသူများအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန်အောင်မြင်စွာဖြေဆိုနိုင်သည့် ကျောင်းသား/ သူများအား တာဝန်ရှိသူများမှ ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက် ၍ ဆရာ/ မများအား ဂုဏ်ပြုအမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အခမ်းအနားတွင် တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များအား ကျောင်းသားလူငယ်များက တေးသီချင်းသရုပ်ဖော်များဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)