ဒေးဒရဲ ဖေဖော်ဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ ပြည်ထောင်စုစိတ်ဓာတ်များ ရှင်သန်ခိုင်မြဲစေရေးနှင့် ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူများ အတူတကွ ကြိုးပမ်းဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယမန်နေ့ညနေ (၄)နာရီက ဒေးဒရဲတံတားလမ်းမပေါ်ရှိ ဗိုလ်ချုပ်ကြေးရုပ်အနီးတွင် စုပေါင်းစိုက်ထူခဲ့ကြောင်း သိရသည်။
အဆိုပါအထိမ်းအမှတ် မြေစိုက်ပိုစတာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် လူမှုရေးအသင်းအဖွဲ့များက (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များပါဝင်သော မြေစိုက်ပိုစတာကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် စုပေါင်းစိုက်ထူခဲ့ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)