ပန်းတနော်မြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရေး စရိတ်ချေးငွေများ ထုတ်ချေးပေး

ပန်းတနော် ဒီဇင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ​တောင်သူများ လယ်ယာလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် အချိန်မှီအရင်းအနှီးများရရှိစေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၌ ဆောင်းသီးနှံစိုက်ပျိုးရေး စရိတ်ချေးငွေ ထုတ်ချေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက တောင်သူများအား ထုတ်ချေးပေးနေကြောင်း သိရသည်။

ပန်းတနော်မြို့နယ်၌ ကျေးရွာအုပ်စု (၃၃)အုပ်စုတွင် ဆောင်းသီးနှံစိုက်ပျိုးရေးစရိတ်ချေးငွေ ထုတ်ချေးပေးလျက်ရှိရာ  စပါးစိုက်ဧက( ၁၀၆၅၃)အတွက်  စပါးတစ်ဧကလျှင် တစ်သိန်းခွဲ နှုန်းနှင့် ပဲစိုက်ဧက(၇၇၃၀)အတွက် တစ်ဧကလျှင် တစ်သိန်းနှုန်း ထုတ်ချေးပေးလျက်ရှိပြီး ဆောင်းသီးနှံ စိုက်ပျိုးရေးစရိတ်ချေးငွေကို နိုဝင်ဘာ ၁၁ ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့အထိ တောင်သူများအား ထုတ်ချေးပေးမည်ဖြစ်​ကြောင်း လုပ်ကွက်ငယ် တောင်သူများအား ဦးစားပေးထုတ်ချေးပေးတာ ဖြစ်သည့်အတွက် အများဆုံး (၁၀)ဧကအထိပဲ ထုတ်ချေးပေးတာဖြစ်ကြောင်း ပန်းတနော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ် မန်နေဂျာ ဦးခင်မောင်ဝင်းထံမှသိရသည်။

ပြည့်ဖြိုးကျော်(ပန်းတနော်)