နတ်မောက်မြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

နတ်မောက် ဖေဖော်ဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌  (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ သူများအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဖော်ဆောင်၊ စည်းလုံးခြင်းအင်အား တိုင်းပြည်အကျိုးစီးပွား၊ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသူများ၊ ဘိုမျိုး(ရွှေဘို) ရေးသားသည့် “ပြည်ထောင်စုကို ကာကွယ်စို့” ကဗျာ၊ ကာတွန်းများဖြင့် အရောင်အသွေးစုံလင်စွာ ဝေဝေဆာဆာ ဖော်ပြပါရှိသည်။

သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသာ/သူများ ဗဟုသုတရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နတ်မောက်မြို့နယ်ရုံး ဝန်ထမ်းများက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ခဲ့ပြီး အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

လှဝင်း