ပန်းတနော် ဖေဖော်ဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘဝိုင်းကျေးရွာအုပ်စု၊ ဥတိုကျေးရွာရှိ ထူးထက်ဟန် ဝက်မွေးမြူရေးလုပ်ငန်းအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် စစ်ဆေးဆောင်ရွက်ခဲ့သည်။
အဆိုပါ မီးဘေးလုံခြုံရေးစစ်ဆေးခြင်း ဆောင်ရွက်ရာတွင် ပန်းတနော်မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦးဦးဆောင်၍ တပ်ဖွဲ့ဝင် (၃+၃)ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများဖြင့်ပူးပေါင်း၍ လိုက်လံစစ်ဆေးအကြံပြုခြင်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)