ကြံခင်း ဖေဖော်ဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် လူဦးရေစာရင်းမှန်ကန်စေရန် မြို့နယ်(Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ယမန်နေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်(၃)ခုရှိ ဒေသခံပြည်သူများထံသို့ (Working Group)မြေပြင်တိုက်ဆိုင်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်(Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ရပ်ကွက်အုပ်ချုပ်ရေးမှ တာဝန်ရှိသူများဖြင့် ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်(၃)ခုရှိ ဒေသနေပြည်သူနေအိမ်များသို့ မြေပြင်လူဦးရေတိုက်ဆိုင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းအား မြို့နယ်(Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူး မြို့နယ်(လ.ဝ.က)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်း၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမြင့်နှင့် ကော်မတီအဖွဲ့ဝင်များက ကြည့်ရှုကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ (Working Group)မြေပြင်တိုက်ဆိုင်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ရာတွင် မြေပြင်ရှိ အိမ်ထောင်စုလူဦးရေစာရင်းမှန်ကန်မှုရှိစေရေး၊ ပြည်ပခရီးလွန်များ၊ ခရီးလွန်များ၊ အတည်ပြု/အတည်မပြု(အခြားဒေသပြောင်းရွှေ့၊ သေဆုံး)များအား စာရင်းအမှန်ရရှိရေးဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ကြံခင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု (၃၅)စုရှိရာ ကျန်ရှိနေသော အုပ်စုများအား ဆက်လက်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)