မင်းဘူးမြို့ရှိ ဆေးအရောင်းဆိုင်များ၌ သက်တမ်းလွန်ဆေးဝါးများရောင်းချမှုမရှိစေရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်

မင်းဘူး ဖေဖော်ဝါရီ ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိစေရေး စစ်ဆေးခြင်းကို ယမန်နေ့နက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ဆေးအရောင်းဆိုင်များ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများက မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ရောင်းချနေသော ဆေးအရောင်းဆိုင်များတွင် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ၊ ဆေးဝါးရောင်းချခွင့် လိုင်စင်သက်တမ်း ရှိ/မရှိ၊ ဆေးဝါးရောင်းချခွင့်လိုင်စင်ပါ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြီး ပြည်သူများအတွက် ဘေးကင်းလုံခြုံစိတ်ချရသော ဆေးဝါးများကိုသာ စနစ်တကျ ရောင်းချမှုရှိစေရေး စစ်ဆေးကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်မောင်