ပဲခူးမြို့နယ်အတွင်းရှိ အုတ်ဖို-ကျုံးရိုးလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

ပဲခူး ဖေဖော်ဝါရီ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေဦးသည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီလ()ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ အုတ်ဖိုး-ကျုံးရိုးလမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အုတ်ဖိုး-ကျုံးရိုးလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ပဲခူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လုပ်ငန်းတင်ဒါစနစ်ဖြင့် တင်ဒါအောင်သော အောင်ချမ်းမိုရ်ကုမ္ပဏီမှ ၂၀၂၄ ခုနှစ်၊ ဇွန်လ()ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းအားကွန်ကရစ်ခင်းခြင်း ဆောင်ရွက်ပေးမှုကြောင့် ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေးအတွက် အခက်အခဲမရှိ အသုံးပြုနိုင်မည်ဖြစ်ပြီး ကျေးရွာရှိလယ်မြေများမှ ထွက်ရှိသော စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများကို ကုန်ကျစရိတ် သက်သာစွာ စျေးကွက်သို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း သတင်းရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)