(၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆူးလေကုန်းရပ်ကွက်ရှိ ပေပင်ကျောင်းလမ်း၊ ဈေးလမ်း၊ ယွန်းကျောင်းလမ်းနှင့် အောင်မင်္ဂလာရပ်ကွက်၊ မြိုင်ဝေဆာ လမ်းစုစုပေါင်း နိုင်လွန်ကတ္တရာလမ်း ၄ လမ်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

မုံရွာ ဖေဖော်ဝါရီ ၈

(၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်ရှိ ပေပင်ကျောင်းလမ်း၊ ဈေးလမ်း၊ ယွန်းကျောင်းလမ်းနှင့် အောင်မင်္ဂလာရပ်ကွက်၊ မြိုင်ဝေဆာလမ်းစုစုပေါင်း နိုင်လွန်ကတ္တရာလမ်း ၄ လမ်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါလမ်း သစ်မုခ်ဦးရှေ့တွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုလွင်တို့က ဆူးလေကုန်းရပ်ကွက်ရှိ ပေပင်ကျောင်းလမ်း၊ ဈေးလမ်း၊ ယွန်းကျောင်းလမ်းနှင့် အောင်မင်္ဂလာရပ်ကွက်၊ မြိုင်ဝေဆာလမ်း စုစုပေါင်း နိုင်လွန်ကတ္တရာလမ်း ၄ လမ်းအား ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အဆိုပါလမ်းဖွင့်ပွဲ မုခ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ ဆူးလေကုန်းရပ်ကွက်ရှိ ပေပင်ကျောင်းလမ်း၊ ဈေးလမ်း၊ ယွန်းကျောင်းလမ်းနှင့် အောင်မင်္ဂလာရပ်ကွက်၊ မြိုင်ဝေဆာလမ်း နိုင်လွန်ကတ္တရာလမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မိတ်ဆက်စကားများ ပြောကြားခဲ့သည်။

အဆိုပါ (၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်ရှိ ပေပင်ကျောင်းလမ်းသည် အရှည်-၁၂၆၀ ပေ၊ အကျယ်-၁၄ ပေ၊ ၃ လက်မခွဲထု၊ ဈေးလမ်းသည် အရှည်-၁၉၂၀ ပေ၊ အကျယ်-၁၄ ပေ၊ ၃ လက်မခွဲထု၊ ယွန်းကျောင်းလမ်းသည် အရှည်-၁၃၇၀ ပေ၊ အကျယ်-၁၄ ပေ၊ ၃ လက်မခွဲထုနှင့် အောင်မင်္ဂလာ ရပ်ကွက်၊ မြိုင်ဝေဆာလမ်းသည် အရှည်-၈၅၀ ပေ၊ အကျယ်-၁၄ ပေ၊ ၃ လက်မခွဲထု နိုင်လွန်ကတ္တရာလမ်းများဖြစ်သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ အမှတ်(၅)အခြေခံပညာထက်တန်းကျောင်းဝန်းအတွင်းရှိ ဘောလုံးကွင်းပြန်လည်ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေးပြီး KG ကျောင်းသား/သူများကို ကျောင်းတွင်းအာဟာရကျွေးမွေးနေမှုများအား ကြည့်ရှုအားပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ပြန်/ဆက်