မအူပင်တက္ကသိုလ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို တိုင်းရင်းသားရိုးရာအစားအစာ ဈေးရောင်းပွဲတော်၊ လူငယ်စကားဝိုင်း၊ ကဗျာ၊ စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် တိုင်းရင်း သားရိုးရာပဒေသာကပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

မအူပင် ဖေဖော်ဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်တက္ကသိုလ်၌ (၇၈)နှစ်မြေက် ပြည်ထောင်စုနေ့အကြို တိုင်းရင်းသားရိုးရာအစားအစာဈေးရောင်းပွဲတော်၊ လူငယ်စကားဝိုင်း၊ ကဗျာ၊ စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် တိုင်းရင်းသားရိုးရာ ပဒေသာကပွဲဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက် (၈)နာရီက မအူပင်တက္ကသိုလ်ပင်မ‌ဆောင်ရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားအား မအူပင်တက္ကသိုလ်ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနီနီဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဌာနအလိုက် တိုင်းရင်းသားရိုးရာအစား အစာများ ရောင်းချနေခြင်းအား ကြည့်ရှုအားပေးခဲ့ကြသည်။ ဆက်လက်၍ မအူပင်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်းနှင့် တိုင်းရင်းသားရိုးရာ ပဒေသာကပွဲ အခမ်းအနား၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး မအူပင်တက္ကသိုလ်ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနီနီဦးမှ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို တိုင်းရင်းသားရိုးရာအစားအစာဈေးရောင်းပွဲတော်၊ လူငယ်စကားဝိုင်း၊ ကဗျာ၊ စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် တိုင်းရင်းသားရိုးရာပဒေသာကပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ၎င်းနောက် လူငယ်စကားဝိုင်းအား မြန်မာစာဌာနမှ ကျောင်းသူမဝင်းပပအောင်၊ အင်္ဂလိပ်စာဌာနမှ ကျောင်းသား မောင်စိုင်းမောင်မောင်၊ အရှေ့တိုင်းပညာဌာနမှ မအိခြူးစံ၊ ဓာတုဗေဒဌာနမှ ကျောင်းသူ မသင်းမြတ်အောင်နှင့် ရုက္ခဗေဒဌာနမှ ကျောင်းသားမောင်နိုင်လင်းဖြိုးတို့မှ စုပေါင်းညီညာပြည်ထောင်စု စိတ်ဓာတ်ခိုင်မာခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအာကာဦးနှင့် မြန်မာစာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာ ဆွေဆွေသန်းတို့မှ Moderator ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ဌာနအလိုက်ကျောင်းသား၊ ကျောင်းသူများမှ တိုင်းရင်းသားရိုးရာအကအလှများ၊ တေးသီချင်းသရုပ်ဖော် အကများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး တာဝန်ရှိသူများမှ ကဗျာ၊ စာစီစာကုံး၊ ဆောင်းပါး ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မအူပင်တက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီးဒေါက်တာနီနီဦးနှင့် ဆရာ၊ ဆရာမများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)