စစ်ကိုင်း ဖေဖော်ဝါရီ ၈
စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ (၃)နာရီက မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာန၊ စစ်ကိုင်းအိမ်ယာစခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးတိုးဝေက သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှ ပို့ချပေးလိုက်သည့် ပညာရပ်များကို ရရှိကြလိမ့်ကြမည်ဟု ယူဆ ပါကြောင်း၊ ရရှိခဲ့တဲ့ ပညာရပ်တွေကို အများပြည်သူအကျိုးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများကို သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြပါလို့ တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြားကာ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါမိမိကျော်က သင်တန်းတွင် သင်ကြားပို့ချမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးတာဝန်ခံ လက်ထောက်ညွှန်ရေးမှူး ဒေါ်ခင်ထွေးဝင်းမှ “မီးခိုမြူငွေ့လျှော့ချရေးနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲရေး” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောဆွေးနွေးပေးပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်(ပြန်/ဆက်)