ခန္တီးမြို့ မြို့နယ်သံဃာ့နာယကအဖွဲ့ နဝမအကြိမ် အနားယူခြင်းနှင့် ပြန်လည်အစားထိုး ရွေးချယ်ခန့်အပ်ခြင်း အခမ်းအနား ပြုလုပ်

ခန္တီး ဖေဖော်ဝါရီ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယမန်နေ့ နံနက် (၉) နာရီအချိန်က မြို့နယ်သံဃာ့နာယကအဖွဲ့ နဝမအကြိမ် အနားယူခြင်းနှင့် ပြန်လည်အစားထိုးရွေးချယ်ခြင်း အခမ်းအနားကို ပေါမိုင်းရပ်ကွက်၊ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်း၊ ဓမ္မာရုံအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရာကန်တော့၍ အခမ်းအနားအား စတင်ပြီး အခမ်းအနားမှူး ဆရာတော် ဥူးဣန္ဒာသက္ကက အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော သံဃာတော်များ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားကာ အစည်းအဝေး ထမြောက်ကြောင်း ကြေငြာ၍ သဘာပတိဆရာတော် ဥူးဥတ္တရက အစည်းအဝေးအဖွင့် ဩဝါဒကထာ မြွက်ကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးဉာဏ်လွင်က သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။

ထို့နောက် အခမ်းအနားမှူး ဆရာတော်က အနားယူသော ဆရာတော်များ၏ ဘွဲ့အမည်စာရင်းကို ကြေငြာကာ မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော် ဥူးနာဒနက ပြန်လည်ရွေးချယ်နိုင်ရန်အတွက် အမည်စာရင်းကို တင်သွင်းခဲ့သည်။ ဆက်လက်ပြီး သဘာပတိဆရာတော်က အစားထိုးရွေးချယ်ခံရသည့် မြို့နယ်သံဃာ့နာယကဆရာတော်များ၏ ဘွဲ့အမည်စာရင်းများကို မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးသို့ တင်သွင်းပြီး သာဓုသုံးကြိမ် ခေါ်ဆို၍ အတည်ပြုကာ သံဃာ့အဖွဲ့အစည်းလုပ်ထုံး လုပ်နည်းအပိုဒ် (၃၅၊၉၇) တို့ကို ရှင်းလင်းလျှောက်ထားခဲ့သည်။

ယင်းနောက် သဘာပတိဆရာတော်က နိဂုံးချုပ်ဩဝါဒကထာ မြွက်ကြားကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ပြီးဆုံးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)