ဝန်းသိုမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ဝန်းသို ဖေဖော်ဝါရီ ၇

(၇၈)နှစ်​မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့်(ထက်၊လယ်၊မူ) စာစီစာကုံးပြိုင်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ဝန်းသို)တွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် “ပြည်ထောင်စုကြီးအဓွန့်ရှည်ဖို့ ပြည်ထောင်စုနေ့ကို အလေးထားစို့” ခေါင်းစဥ်ဖြင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၀)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၅)ဦးနှင့်မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၁) ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၄၆) ဦးတို့က ပါဝင်ယှဥ်ပြိုင်ကြသည်။

အဆိုပါစာစီစာကုံးပြိုင်ပွဲသို့ ပါဝင်ယှဥ်ပြိုင်ကြသော ကျောင်းသား၊ ကျောင်းသူများအား ကောလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)၊ ဒုတိယဗိုလ်မှူးကြီး သိန်းဇော်လင်းနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခေတ္တဥက္ကဋ္ဌ ရဲမှူးကျော်ဆန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက သွားရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)