အမာ ဖေဖော်ဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ လေးပင်ချောင်ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက်(၁၀)နာရီအချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံပေးခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံရာတွင် အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါ်လှမြတ်မင်းနှင့် ကျန်းမာရေးဝန်ထမ်းများက (Pfizer)အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျေးရွာအတွင်းရှိ နိုင်ငံဝန်ထမ်းများ၊ အသက် ၁၈ နှစ်ပြည့်ပြီးသော ပြည်သူများကို ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးတစ်လုံးလျှင် လူ(၆)ဦး ထိုးနှံပေးခြင်းဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း (၂၀၀)ဦးခန့်အား ထိုးနှံပေးသွားမှာဖြစ်ကြောင်း သိရသည်။
အမာ(ပြန်/ဆက်)