မြန်အောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ပုသိမ်တက္ကသိုလ်မှ ပါမောက္ခ၊ ကထိကများမှ ဘာသာရပ်အလိုက် သင်ကြားပို့ချ

မြန်အောင် ဖေဖော်ဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏လမ်းညွှန်ချက်ဖြင့် မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ပညာရေးဌာနတို့မှကြီးမှူး၍ မြန်အောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ပုသိမ်တက္ကသိုလ်မှပါမောက္ခများ၊ ကထိကများ ဦးဆောင်၍ ဘာသာရပ်အလိုက် သင်ကြားပို့ချခြင်းကို ယမန်နေ့နံနက်က မြန်အောင်မြို့ အောင်ဇေယျခန်းမ၊ အ.ထ.က(၂)နေခြည်မြန်အောင်နှင့် အ.လ.ကလက်ပံရပ်ကျောင်းများရှိ ခန်းမများတွင် ပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၏ လမ်းညွှန်ချက်ဖြင့် မြန်အောင် မြို့နယ်တွင်၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ပုသိမ် တက္ကသိုလ်မှ ပါမောက္ခများ ၊ကထိကများမှ ဘာသာရပ်အလိုက် သင်ကြားပို့ချရာတွင် STEAMS - 1 (၁၅၇)ဦး ၊ STEAMS - 2 (၃၁၁)ဦး၊ STAMS - 1 (၃၆၈)ဦး  စုစုပေါင်း Grade - 12မှ ကျောင်းသား/ကျောင်းသူ (၈၃၆)ဦးတို့တက်ရောက်ခဲ့ကြပြီး ပုသိမ်တက္ကသိုလ်မှ ပါမောက္ခ ၊ ကထိက ဆရာကြီး၊ဆရာမကြီး (၁၀)ဦးတို့မှ ဘာသာရပ်(၉)မျိုးအတွက် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်ပေးစည်းမျဉ်းများနှင့်အညီ ပို့ချဆွေးနွေးခဲ့ကြသည်။

အဆိုပါသင်ကြားပို့ချနေမူအား မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်အောင်ခရိုင် /မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြန်အောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်းနှင့်အဖွဲ့ဝင်များမှ လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ်(မြန်အောင်)