နတ်မောက် ဖေဖော်ဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရင်မိုးက ကလေးသူငယ်အသက်အရွယ်၊ ကလေးအလုပ်သမားများဖြစ်ပေါ်ရခြင်းအကြောင်းများ၊ အလုပ်လုပ်နိုင်သော ကလေးသူငယ်၏ အသက်အရွယ်၊ အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းပုံစံများ၊ အန္တရာယ်ရှိသော လုပ်ငန်းခွင်ရှိ ကလေးသူငယ်များအတွက် ဆောင်ရွက်ပေးမှုနှင့် ပြစ်မှုပြစ်ဒဏ်များ စသည့်အကြောင်းအရာများကို တက်ရောက်လာကြသည့် ရပ်ကွက်နေပြည်သူများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရပ်ကွက်နေပြည်သူများက သိလိုသည့်အချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
လှဝင်း