နတ်မောက် ဖေဖော်ဝါရီ ၇
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ပုံပြင်ပြောပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သင်းသင်းဝေ(ဒုတိယဦးစီးမှူး)က စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူတော်လူကောင်းများဖြစ်ပေါ်စေရန်၊ အနာဂတ်တွင် အသိပညာဗဟုသုကြွယ်ဝသည့် နိုင်ငံသားကောင်းများဖြစ်ပေါ်စေရန် ပြိုင်ပွဲကျင်းပပေးရခြင်းကြောင်း ရှင်းလင်းပြောကြားပြီး ဒိုင်အဖွဲ့ဝင်အဖြစ်ဆောင်ရွက်သည့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အိုးဘိုမှ ကျောင်းအုပ်ဆရာကြီးက ပြိုင်ပွဲစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲကိုကျင်းပရာ အလယ်တန်းအဆင့်ကျောင်းသား/သူများဖြစ်သည့် မအင်းကြင်သော်မှ “အကျိုးနဲ့အကန်း” ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ မထက်ဆုဝေလွင်က “ ညီညွတ်ခြင်းအကျိုး” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ မမြတ်နိုးခင်က “မညီညွတ်သောငုံးများ” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ မမိုးစက်ဝိုင်က “ညီညွတ်ခြင်း၏ ရလဒ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအိန္ဒာကျော်က “စည်းလုံးညီညွတ်အောင်ကြောင်းဖြာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဆောင်းဦးမေက “စည်းလုံးခြင်းသည်အင်အား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မချစ်စုဧကရီက “စည်းလုံးခြင်းသည်အင်အား” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများအား ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှဝင်း