မင်းလှမြို့၌ (၄၅)ကြိမ်မြောက် ဝိနယာဓိက စာမေးပွဲကျင်းပ

အထက်မင်းလှ ဖေဖော်ဝါရီ ၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ (၄၅)ကြိမ်မြောက် ဝိနယာဓိက စာမေးပွဲဖြေဆိုခြင်းကို ယနေ့နံနက် ၇ နာရီက မြို့မရပ်ကွက်ရှိ ရွှေဘုန်းသာဘုရားဓမ္မာရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဝိနယာဓိကစာမေးပွဲဖြေဆိုရာတွင် မူလတန်း(၄၆)ပါး၊ ပထမတန်း(၂၇)ပါး၊ ဒုတိယတန်း(၂၂)ပါး၊ တတိယတန်း(၁၅)ပါး၊ စတုတ္ထတန်း(၉)ပါး စုစုပေါင်း(၁၁၉)ပါးတို့မှ ဖေဖော်ဝါရီလ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ တစ်နေ့လျှင်(၂)ဘာသာ ဖြေဆိုလျက်ရှိသည်။

မင်းလှမြို့နယ်၌ (၄၅)ကြိမ်မြောက် ဝိနယာဓိကစာမေးပွဲဖြေဆိုရန် ကြွရောက်တော်မူကြသော ကြီးကြပ်ဆရာတော်၊ သဃာတော်များ၊ စာဖြေသံဃာတော်များအား မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ စေတနာရှင်အလှူရှင်များက အာရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့်အချိုရည်များ ဆက်ကပ်လှူဒါန်းရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)