ငပုတော ဖေဖော်ဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် တမန်ချောင်းကျေးရွာအုပ်စုနှင့် ဟင်းအိုးချောင်းကျေးရွာအုပ်စုတို့တွင် ဒေသခံပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေအကြောင်း အသိပညာပေး ရှင်းလင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေအကြောင်း အသိပညာပေးရှင်းလင်းပွဲဟောပြောပွဲအခမ်းအနားတွင် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူက ပြည်သူ့စစ်မှူထမ်း ဆင့်ခေါ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများ၊ ပြည်သူ့စစ်မှုထမ်းဗဟိုက ဆောင်ရွက်လျက်ရှိသည့် အကြောင်းအရာများအကြောင်း ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများက သိရှိလိုသည်များ ပြန်လည်မေးပြန်တင်ပြလာမှုအပေါ် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ကော်မတီဥက္ကဋ္ဌက ပြည်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)