ဒေးဒရဲမြို့၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံ

ဒေးဒရဲ ဖေဖော်ဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်၊ တစ်ဦးမှ တစ်ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေးအတွက် Pfizer ကာကွယ်ဆေးကို သက်ဆိုင်ရာ ဆေးထိုးအုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိရာ ယနေ့မွန်းလွဲ (၁)နာရီကစ၍ အမှတ်(၁) ရပ်ကွက်၊ စိန္တာမုနိတန်ဆောင်းတော်ကြီးတွင် အသက် (၁၈)နှစ်နှင့် အထက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Pfizer)များ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်(၁၈)နှစ်နှင့်အထက် နိုင်ငံ့ဝန်ထမ်းနှင့် ပြည်သူများအား Pfizer ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်ပြီး ရာခိုင်နှုန်းပြည့်မီရေးအတွက် နိုင်ငံ့ဝန်ထမ်းနှင့် ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုး မှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှု၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုကူညီရေး အသင်းအဖွဲ့ဝင်များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း