ကန်ကြီးထောင့် ဖေဖော်ဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်ပညာရေးဦးစီးဌာနမှ ကြီးမှူး၍ စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်(၉)နာရီအချိန်ခန့်က အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၊ အမျိုးသားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်သက်နိုင်က စဉ်ဆက်ပညာရေးလုပ်ငန်းနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/ သူ ဆရာ၊ ဆရာမများက တက်ရောက်ခဲ့ကြပြီး အဆိုပါ စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့် နည်းပြသင်တန်းအား ဖေဖော်ဝါရီလ(၃)ရက်နေ့မှ (၅)ရက်နေ့အထိ (၃)ရက်ကြာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)