ကော့သောင်း ဖေဖော်ဝါရီ ၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းခရိုင် မီးသတ်ဦးစီးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သော ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းကိုကော့သောင်းခရိုင် မီးသတ်ဦးစီးမှူးရုံးတွင် ယနေ့နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
အဆိုပါ ခရိုင်အဆင့်ရှာဖွေကယ်ရေးသင်တန်းတွင် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများက သဘာဝဘေးစီမံခန့်ခွဲရေးဆိုင်ရာ ဗဟုသုတများ၊ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ၊ မိုးလေဝသဆိုင်ရာ ဗဟုသုတများ၊ ရှေးဦးသူနာပြုစုနည်းများ သင်ကြားပို့ချမည်ဖြစ်ပြီး၊ မီးသတ်ဦးစီးဌာနမှ အခြေခံကြိုးချည်နည်း၊ ကြိုးအသုံးပြုကယ်ဆယ်နည်း၊ ခေတ်မီကယ်ဆယ်ရေးပစ္စည်း အသုံးပြနည်းများ အသက်ရှုကိရိယာအသုံးပြုနည်း၊ အမှောင်ထုအတွင်းအသုံးပြုမှု စနစ်၊ ရေတွင်း အသက်ကယ်နည်းစနစ်၊ ချောက်ကမ်းပါးများ ကယ်ဆယ်ရေးနည်းစနစ်၊ ပြိုကျပျက်စီးနေသော အဆောက်အဦ၌ ကယ်ဆယ်ရေးစနစ်၊ ယာဉ်မတော်ဆမှုများ ကယ်ဆယ်ရေးနည်းစနစ်၊ အခြေခံ အသက်ကယ်ဆယ်ရေးအထောက်အပံ့နှင့် လူနာသယ်ဆောင်နည်းစနစ်များကို သင်တန်းကာလ (၂)ပတ်တာ စာတွေ့/လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ပြီး သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းနှင့် နာရေးကူညီမှုအသင်းများမှ သင်တန်းသား(၅၀) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)